Local News

မတ်ပဲ၊ ပဲတီစိမ်း နှင့် စားတော်ပဲများ အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင် ဇွန်လတတိယပတ်၌ မတ်ပဲသည် ယခင်တစ်ပတ်က ဈေးအေးပြီး အရောင်းအဝယ်အေးနေသော်လည်း ယခုတစ်ပတ်တွင် အရောင်းအဝယ်သွက်လာနိုင်ကြောင်း၊ ပဲတီစိမ်းနှင့် စားတော်ပဲများမှာ ယခုတစ်ပတ်တွင် အဝယ်လိုက်လာပြီး အရောင်းအဝယ်သွက်လာကြောင်း ကုန်စည်ဒိုင်မှသိရသည်။ 
မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၈၀၀၀၀ မှ ၂၈၂၀၀၀၊ ယခင်တစ်ပတ် ၂၇၅၀၀၀ ကျပ် မှ ၂၇၇၀၀၀ ကျပ်၊ ယခင်လ ၂၆၀၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ် ဖြစ်သည်။ ယခင် တစ်ပတ်ထက် ၅၀၀၀ ကျပ် မြင့်တက်လာပြီး၊ ယခင်လထက် ၂၈၀၀၀ ကျပ် ဈေးနိမ့်လာသည်။
ပဲတီစိမ်း ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၃၁၀၀၀၀ ကျပ်မှ ၃၉၀၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၉၀၀၀၀ ကျပ် မှ ၃၇၀၀၀၀ ကျပ်၊ ယခင်လ ၄၂၀၀၀၀ ကျပ် မှ ၄၃၅၀၀၀ ကျပ်ဖြစ်သည်။ ယခင် တစ်ပတ်ထက် ၂၀၀၀၀ ကျပ် မြင့်တက်လာပြီး၊ ယခင်လထက် ၁၁၀၀၀ ကျပ် မှ ၄၅၀၀၀ ကျပ် ဈေးနိမ့်လာသည်။
စားတော်ပဲ(ကနေဒါ) ၅၉.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၃၉၅၀၀၀ ကျပ် မှ ၄၀၀၀၀၀ ကျပ် ၊ ယခင်တစ်ပတ် ၃၈၅၀၀၀ ကျပ် မှ ၃၉၀၀၀၀ ကျပ် ၊ ယခင်လ ၃၆၀၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀၀ ကျပ်၊ ယခင်လထက် ၃၅၀၀၀ ကျပ် မှ ၄၀၀၀၀ ကျပ် ဈေးမြင့်လာသည်။
စားတော်ပဲ(ကျွန်း) ၅၉.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၄၈၀၀၀၀ ကျပ်၊ ၅၂၀၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၄၈၀၀၀၀ ကျပ် မှ ၅၀၀၀၀၀ ကျပ်၊ ယခင်လ ၄၅၀၀၀၀ ကျပ်မှ ၄၈၃၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၂၀၀၀၀ ကျပ်၊ ယခင်လထက် ၃၀၀၀၀ ကျပ်မှ ၃၇၀၀၀ ကျပ် ဈေးမြင့်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News